ယင်းမာပင် မတ်လ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ အမှန်တကယ် သိရှိစေရန်၊ သတင်းတု၊ သတင်းမှားများကြောင့် စိုးရိမ်မှုမဖြစ်စေရန်၊ သတင်းအမှန်ကို သိရှိစေရန်ရည်၍ ယမန်နေ့နံနက် ၉ နာရီက ယင်းမာပင်မြို့၊ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း၊ မြို့မဈေးရှေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အသိပညာပေး လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ခံစားခွင့်နှင့် စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းနံပါတ်များပါရှိသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များကို ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ၊ ဈေးရောင်းသူ/ ဈေးဝယ်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)