ဘိုကလေးမြို့နယ်တွင် ပရိယတ္တိသာသနပါလစာမေးပွဲပဉ္စမနေ့ ယမကဘာသာဆက်လက်ဖြေဆို

ဘိုကလေး မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဆရာတော်၊ သံဃာတော်ကြီးများ ကြီးမှူး၍ (၄၄)ကြိမ်မြောက်သော ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီးအား မတ်လ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၅)ရက်တာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ပဉ္စမနေ့ စာမေးပွဲအား မွန်းတည့်(၁၂)နာရီအချိန်တွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ပရိယတ္တိသာသနပါလ စာမေးပွဲတော်ကြီးအား မြို့နယ်အတွင်းမှ ရှင်သာမဏေ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ဥပစာ(က)တန်းနှင့် (ခ)တန်း၊ အာဂုံတန်း၊ (သီလရှင်တစ်ပါး အပါအဝင်)စုစုပေါင်း(၂၄၇)ပါး ဝင်ရောက်ဖြေဆိုကြပြီး ပထမငယ်တန်း၊ ဥပစာ(က)တန်းနှင့် (ခ)တန်း၊ အာဂုံတန်းများအနေဖြင့် ယမန်နေ့မတ်လ(၁၃)ရက်နေ့တွင် စာမေးပွဲ ဖြေဆို ပြီးစီးခဲ့သဖြင့် ယနေ့ပဉ္စမနေ့ စာမေးပွဲတွင် ကျန်ရှိသည့် ပထမလတ်တန်း ရှင်သာမဏေ(၃)ပါးနှင့် သီလရှင်(၁)ပါး၊ စုစုပေါင်း(၄)ပါး အနေဖြင့် ယမကဘာသာအား ဆက်လက်ဖြေဆိုကြောင်း သိရသည်။

စာမေးပွဲကြီးအဆင်ပြေချောမွေ့ အောင်မြေင်စွာ ကျင်းပဖြေဆိုနိုင်ရေးအတွက် မြို့နယ်သာသနာရေးဦးစီးဌာနမှ ဆရာတော်ကြီးများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ်၏ (၄၄)ကြိမ်မြောက်သော ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီး စာအောင်ဆုနှင်း သဘင်အား မတ်လ(၁၅)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)