ကျောက်တံခါးမြို့နယ်၌ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

ကျောက်တံခါး မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမတွင် "မသန်စွမ်းသူများနှင့် ပတ်သက်၍ အသိပညာပေး" ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် မသန်စွမ်းသူများ၏ အဓိပ္ပါယ်တို့ကို ဟောပြောသည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းနွယ်အောင်က မသန်စွမ်းသူများ၏ အခွင့်အရေး၊ မသန်စွမ်းဆိုသည်မှာ မသန်စွမ်းသူများနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များအား အကျယ်တဝံ့ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ စာအုပ်ပြပွဲအား ဆက်လက်ဆောင်ရွက်ရာ "မြန်မာ့ရက်စဥ်သမိုင်း"၊ ကျောပိုးအိတ်ကလေးကို ချီကာလွယ်"၊ မြောက်ဦးစစ်တမ်း"၊ သေတစ်နေ့ မွေးတစ်နေ့၊ "အောင်ဆန်းရဲ့အောင်ဆန်း"၊ -သီလဝံသဓါး"၊ "ရဲဘော်သုံးကျိပ်ဝင်တို့၏ အတ္တုပ္ပတ္တိများ" စသည့်အသိပညာဗဟုသုတရရှိစေမည့် သုတရသစာအုပ်များအား ပြသခဲ့သည်။

အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲသို့ မြို့နယ်အဆင့်ဆိုင်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)