ဟုမ္မလင်း၌ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ဟုမ္မလင်း မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝါသနာတူ (Women  Club)နှင့် ပူးပေါင်း၍ စာရေးဆရာ "အတ္တ​ကျော်"၏ သားငယ်သမီးငယ်များပံ့ပြင်ထိန်းကျောင်းခြင်းအနုပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်(၁၃)ရက်နေ့၊ နေ့လယ်(၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က မိမိတို့ဌာနအနေဖြင့် ပြည်သူ့ဆက်ဆံရေးနည်းလမ်းဖြင့်နှင့် လူထုဆက်သွယ်ရေးနည်းလမ်းတို့ဖြင့် ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိအောင် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ယနေ့ပြုလုပ်သည့် ဝါသနာတူ (Women Club) အဖွဲ့ဝင်များအနေဖြင့် အပြန်အလှန် စိတ်ပါဝင်စွာ နွေးဆွေးစေလိုပါကြောင်း​ ပြောကြားကာ သားငယ်သမီးငယ်လေးတွေ မူးယစ်ဆေးနဲ့ ဝေးအောင်ပျိုးထောင်နည်း ခေါင်းစဥ်ဖြင့် ဆွေးနွေးခဲ့သည်။
ထိုနောက် တက်ရောက်လာသူများက ဆက်လက်ဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းမဥ္ဇူးအေးက သားသမီးဘဝ၊ မိဘဘဝ၊ အဘိုး၊ အဘွားဘဝ၊ ကောင်းမွေ၊ ဆိုးမွေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဆရာမဒေါ် မိုမိုချိုက ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ချစ်ခြင်းမေတ္တာ၊ အမှုအကျင့်၊ အကျင့်စရိုက်၊ ပေါင်းသင်းဆက်ဆံရေးခေါင်းစဥ်များဖြင့်လည်းကောင်း၊ ဆရာမဒေါ် နန်းသိင်္ဂီအေးက ကလေးများသွန်သင်ဆုံးမခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်မိမိထွန်းက ဝစီစရိုက် မျိုးရိုးလိုက်မှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်ဖြူဖြူဝင်းက ကလေးများ ဖုန်းထဲကဗီဒီယိုကြည့်တာကိုလည်း ကန့်သတ်ပါ၊ အင်တာနက်သုံးတာကိုလည်း ကန့်သတ်ပါ စသည်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး သိလိုသည်များကို ခေါင်းစဥ်ထဲတွင်ပါရှိသော အကြောင်းအရာများကို ဖတ်ကြားကာ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)