မင်းလှ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းလှ မတ် ၁၅

၂၀၂၄ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ပြည်သူများလက်ဝယ်ထံအရောက်ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီချိန်က ဆောင်ရွက်ခဲ့သည်။

လက်ကမ်းစာစောင်များကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန် ခံဦးစိန်ဝင်းနှင့် ဝန်ထမ်းများက မင်းလှမြို့မဈေးတွင် ဈေးရောင်း/ ဈေးဝယ်ပြည်သူလူထုလက်ဝယ်ထံ အရောက်ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် စားသုံးသူအကာကွယ်ပေးရေးဆိုသည်မှာ၊ စားသုံးသူများ၏ အခွင့်အရေးများ၊ စီမံခန့်ခွဲရေးပြစ်ဒဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးများ၊ ဘေးကင်းလုံခြုံမှုဆိုသည်မှာ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

ပေါက်စ