ကဝ မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်၊ ဥဿာမှ ထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကဝမြို့နယ် စည်ပင်သာယာဈေးအတွင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် ၃ ရပ်၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားအသက်အရွယ်၊ အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားများ၏အလုပ်ချိန်ကန့်သတ်ချက်စသောအချက်တို့ပါရှိသော လက်ကမ်းစာစောင်များအား ပြည်သူများ သိရှိနိုင်စေရန်ရည်ရွယ်ကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)