ထားဝယ် မတ် ၁၅
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သတ်မှတ်စာစစ်ဌာနများ၌ ယမန်နေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိရာ ကျောင်းသားမိဘများ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေးမျိုးသားချင်းများက ကျောင်းအဝင်ဝတွင် လာရောက်ကြိုဆိုလျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သင်္ချာဘာသာရပ်ဖြေဆိုသူ ကျောင်းသား (၁၀၄)ဦး၊ ကျောင်းသူ (၂၀၉)ဦး စုစုပေါင်း (၃၁၃)ဦး၊ ဖြေဆိုမှု (၉၃.၁၅)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါ စာစစ်ဌာနများ၌ ဆရာ/မများ၊ ကျောင်းသား/သူများအား စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မိဘများ၏လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)