ဒိုက်ဦးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌ပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ဒိုက်ဦး မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်၊ ဥဿာမှ ထုတ်‌ဝေသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာ‌စောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် ၃ ရပ်၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ က‌လေးအလုပ်သမားအသက်အရွယ်၊ အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်တို့ပါရှိ‌သော လက်ကမ်းစာ‌စောင်အား ကျောင်းသား/သူများ သိရှိနိုင်စေရန်ရည်ရွယ်ကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)