ရွှေတောင် မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရွှေတောင်မြို့မစျေးအတွင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဦးစီးဌာန (FDA) ခရိုင်ဦးစီးမှူး ဦးအောင်လှိုင်ဝင်းနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ ဆေးပစ္စည်းအရောင်းဆိုင်များ၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဦးစီးဌာန (FDA) ခရိုင်ဦးစီးမှူး ဦးအောင်လှိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်ရဲထိုက်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးကိုကိုကြီးနှင့် ဝန်ထမ်းများ၊ ရွှေတောင်မြို့မရဲစခန်း ဒုရဲအုပ် ခိုင်ဇင်သက်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ် ယဥ်ယဥ်ဆင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)