ပန်းတောင်း နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနတွင် ယမန်နေ့နံက် ပိုင်းက ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်အောက်အထိ ကလေးငယ် များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် ဝါ(ဘီ)၊ဦးနှောက်အမြှေးရောင်၊ (ငါးမျိုးစပ်ကာကွယ် ဆေး) ၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)ပြင်းထန် ဝမ်းပျက် ဝမ်းလျော (ရိုတာ)နှင့် ပိုလီယို အစက်ချကာကွယ်းဆေး၊ ကိုယ်ဝန် ဆောင် မိခင်များအတွက် မေးခိုင်နှင့် ဆုံဆို့နာရောဂါ ကာကွယ် ဆေးများကို ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။
သင်သင်းအေး (ပြန်/ဆက်)