ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကလေး မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ ဉာဏ်ဝေ (မြစ်သာမြေ) ရေးသားသည့် နှင်းတောင်တန်းက ပန်းဥယျာဉ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။ 

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က စာဖတ်ဝိုင်းကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဒေါ်ဝေမာချိုက နှင်းတောင်တန်းက ပန်းဥယျာဉ်စာအုပ်မှ တာဝန်ကျခြင်းနှင့် အဘိုးအမွေ၊ တက်ညီလက်ညီချီတက်ပြီ စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများ၊ Online အသိပညာပေး Talk Show များကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)