ပလောက် မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍စာစီစာကုံး ရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉) နာရီကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အထက်တန်းပြဆရာ ဦးကိုကိုဟိန်းက ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံးရေးသားရာတွင် ပါဝင်ရမည့် အခြေခံအချက်အလက်များသင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတက်ရောက်ကြပြီးစာစီစာကုံးရေးသားနည်းသင်တန်းကို ၂၀၂၄ ခုနှစ်မတ်လ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ နံနက် (၉) နာရီမှ (၁၀)နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)