ရွှေဘို မတ် ၁၃
ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာမှ ဘေးသင့်အိမ်ထောင်စု (၅၀)စုနှင့် လူဦးရေ (၁၉၄) ဦးအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရွှေဘိုမြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဘေးသင့်ပြည်သူများကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း အခါအားလျော်စွာ ထောက်ပံ့ပစ္စည်းများလည်း ပေးအပ်လျက်ရှိကြောင်း ပြည်သူများအနေဖြင့် ထောက်ပံ့ပစ္စည်းမရရှိသည့်ပြည်သူများရှိပါက အချိန်မီစာရင်းပေးသွင်းနိုင်ကြောင်း စသဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး ရွှေဘိုမြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ရွှေဘိုခရိုင်ရုံး ဦးစီးအရာရှိ ဒေါ်ချောစုတို့က ထောက်ပံ့ပစ္စည်းနှင့် ငွေသားများ ပေးအပ်ကြောင်း သိရသည်။ ဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းအတွက် တန်ဖိုးငွေကျပ် ၆၅၀၀၀၀၀/-၊ ဆန်ရိက္ခာအတွက် တန်ဖိုးငွေကျပ် ၄၀၇၄၀၀/-၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၆၉၀၇၄၀၀/- နှင့် ပစ္စည်း(၁၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)