တနင်္သာရီမြို့နယ် (Community Centre) အတွင်း ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

တနင်္သာရီ မတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) မြို့နယ်လူထုအခြေပြုဗဟိုဌာနအတွင်း ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ကျောင်းသူ/သားများ ဗဟုသုတရရှိပြီး သိရှိနိုင်စေရန်ရည်ရွယ်၍ မတ်လ၁၂ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

၎င်းဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းက မြို့နယ်လူထုအခြေပြုဌာနအတွင်း ဖွင့်လှစ်သင်ကြားပေးနေသည့် နွေရာသီပန်းချီအခြေခံ(အခမဲ့) သင်တန်းသူ/သား(၃၁)ဦးတို့အား ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အပိုင်းခြားများ၊ အလုပ်လုပ်ချိန်ကတ်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၈)ရပ်၊ လူငယ်များနှင့်ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍ၊ အလုပ်လုပ်ချိန်ကတ်သတ်ချက်များနှင့် ဥပဒေဆိုင်ရာအကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောကြားပေးသည်။

ထို့နောက် အသိပညာပေးမှုများနှင့်ပတ်သက်၍ ပြန်လည်ဆန်းစစ်မေးမြန်းပြီး မှန်ကန်စွာပြန်လည်ဖြေကြားနိုင်သည့် သင်တန်းသူ/သား(၃)ဦးတို့အား ဦးစီးအရာရှိ ဦးထိန်ဝင်းက ဆုငွေများချီးမြှင့်ပေးကြောင်း သိရှိရသည်။

ဆက်လက်၍ မြို့နယ်လူထုအခြေပြုဗဟိုဌာနအတွင်း ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ကို သင်တန်းသူ/သားများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)