ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ဆက်လက်ဖြေဆို

ဘားအံ မတ် ၁၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင် ဖြေဆိုလျက်ရှိသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် ပျော်ဘွယ်မြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၁၃၁၀) ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၃၇)ဦး၊ မြစ်သားမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၁၃)ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၁၀)ဦးနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၈) ရာခိုင်နှုန်းနှင့် သံတောင်ကြီးမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၃၁) ဦးတို့ဖြင့် အသီးသီးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့် ကြပ်ကြည့်ရှုပေးလျက်ရှိကာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)