ကေ့ာကရိတ် မတ် ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသား (၂၆၇)ဦး ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ နဘူးအ.ထ.ကစာစစ်ဌာန၌ ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁၉) ကျောင်းမှ ကျောင်းတွင်းဖြေဆို(၂၆၃)ဦး၊ ကျောင်းပြင်ပအလွတ်ဖြေဆိုသူ(၄)ဦးရှိကာ ဝင်ရောက်ဖြေဆိုသူကျောင်းသား/သူ (၂၆၇)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၇၅.၆၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ နယ်မြေခံ ၅၄၇၊ ၅၄၈၊ ၅၄၉တပ်ရင်းမှ တာဝန်ရှိသူများက သီးစုံဓာတ်ဆားအားပြည့် Royal-D အချိုရည်ဗူးများ ပေးဝေခဲ့ပြီး အဆိုပါအချိုရည်ဗူးများကို စာမေးပွဲဖြေဆိုပြီးစီးမည့်ကာလအထိ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)