ကော့သောင်း မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်(၁၁) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရာ ယမန်နေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို အ.ထ.က(၁) ကျောင်းစာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာန၊ ခမောက်ကြီးစာစစ်ဌာနတို့တွင် ကျောင်းတွင်းဖြေနှင့် အပြင်ဖြေကျောင်းသား၊ သူ (၁၈၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာ၌ အ.ထ.က(၁)စာစစ်ဌာနတွင် ကျောင်းတွင်းဖြေ(၇၁)ဦးနှင့် အလွတ်ဖြေဖြေဆိုသူ(၁၁)ဦး စုစုပေါင်းဖြေဆိုသူ(၈၂)ဦး အ.ထ.က(၂)စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ(၅၁)ဦးနှင့် အလွတ်ဖြေဆိုသူ(၁၇)ဦး စုစုပေါင်းဖြေဆိုသူ(၆၈)ဦးနှင့် အ.ထ.က(ခ)မောက်ကြီးစာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ(၃၀)ဦးရှိကြောင်းနှင့် ယမန်နေ့အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင် ကော့သောင်းမြို့နယ်အနေဖြင့် ၉၆ဒသမ၂၅၆၇ရာခိုင်နှုန်း ဖြေဆိုပြီး ၃.၇၄၃၃ ရာခိုင်နှုန်း ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ လုံခြုံရေးနှင့်အခြားလိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)