ဝေါ မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပကြောင်းသိရသည်။
အဆိုပါနံရံကပ်စာစောင်ပြပွဲတွင် ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က နံရံကပ်စာစောင်တွင်ပါရှိသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့်အချက်အလက်များကို ကလေးသူငယ်များအား ရှင်းလင်းပြောကြားပေးပြီး ကလေးသူငယ်များက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလာရောက်ဖတ်ရှုသည့် ကလေးသူငယ်များကို ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)