ဇီးကုန်း မတ် ၁၃
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာလုံးဖောက်နည်းသင်တန်းကို ယမန်နေ့ နေလယ်က ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးတင့်ဆွေ (ဓာတ်ပုံကျွမ်းကျင်-၂)မှ သင်တန်းနည်းပြအဖြစ် သင်ကြားပို့ချပေးခဲ့ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပြီး လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သင်တန်းကို အခမဲ့ သင်ကြားပို့ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)