ထန်းတပင် မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးလုံခြုံရေး မီးဘေးအန္တရာယ် ကင်းဝေးစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန တာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်း (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန၌ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို (အ-ထ-က) ထန်းတပင် စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား(၉၆)ဦး ကျောင်းသူ (၁၃၈)ဦး စုစုပေါင်း (၂၃၄) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၈၂) ဦး ကျောင်းသူ (၁၂၈) ဦး စုစုပေါင်း(၂၁၀) ဦး ပျက်ကွက် ကျောင်းသား( ၁၄ )ဦး ကျောင်းသူ (၁၀ )ဦး စုစုပေါင်း (၂၄)ဦး ဖြေဆိုသူ (၈၉.၇၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)