သဲကုန်းမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို

သဲကုန်း မတ် ၁၂

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို နိုင်ငံတစ်ဝှမ်း ယနေ့နံနက် ၉ နာရီအချိန်မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် အ.ထ.က သဲကုန်း၊ အ.ထ.က ပုတီးကုန်း၊ အ.ထ.က အင်းမနှင့် အ.ထ.က ဆင်မြီးဆွဲ စာစစ်ဌာန (၄) ခုရှိပြီး ကျောင်းတွင်းမှဝင်ရောက် ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား/ ကျောင်းသူ (၄၉၃) ဦးနှင့်ကျောင်း ပြင်ပမှဝင်ရောက် ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား/ကျောင်းသူ (၃၀) ဦး စုစုပေါင်း (၅၄၂) ဦး ဝင်ရောက်ဖြေရန်စာရင်းပေးထားလျက်ရှိပြီး  ယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းတွင်းမှဖြေဆိုသူ (၄၉၃) ဦး၊ ပြင်ပမှဖြေဆိုသူ (၁၉) ဦး စုစုပေါင်း (၅၁၂) ဦးဖြင့် ဖြေဆိုသည့်ရာခိုင်နှုန်း ၉၄.၄၆ ရာခိုင်နှုန်းဖြင့် အေးချမ်းစွာဆက်လက်ဖြေဆိုပြီးကြောင်း မြို့နယ်ပညာမှူးရုံးမှ သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)