ရေဖြူမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုပြီးစီး

ရေဖြူ မတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို အ.ထ.ကရေဖြူ၊ အ.ထ.က ကလိန်အောင်၊ အ.ထ.က ကံပေါက်စာစစ်ဌာနတို့တွင် ယနေ့နံနက် ၉နာရီမှစ၍ ၁၂နာရီအထိ ဖြေဆို‌ပြီးစီးခဲ့သည်။

အဆိုပါ စာစစ်ဌာနများတွင် အ.ထ.ကရေဖြူ ၌ (၂၀)ဦး၊ အ.ထ.က ကလိန်အောင်၌ (၅၄)ဦး၊ အ.ထ.ကကံပေါက်၌ (၂၀)ဦး စုစုပေါင်း(၉၄)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ရေဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခတ္တာ