ကဝ မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက် (၉) နာရီက အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း (ကဝ) စာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူ (၃၉၃) ဦး အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။
ကဝမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အ-ထ-က (ကဝ) ကျောင်း စာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား (၁၇၁) ဦး၊ ကျောင်းသူ (၂၃၁) ဦး၊ စုစုပေါင်း (၄၀၂) ဦး အနက်မှ၊ ယနေ့ဖြေဆိုသော အင်္ဂလိပ်စာနေ့တွင် ကျောင်းသား (၃) ဦး၊ ကျောင်းသူ (၆) ဦး၊ စုစုပေါင်း (၉) ဦး ဖြေဆိုရန်ပျက်ကွက်သဖြင့် ကျောင်းသား (၁၆၈) ဦး၊ ကျောင်းသူ (၂၂၅) ဦး၊ စုစုပေါင်း (၃၉၃) ဦး၊ ဖြေဆိုသည့်ရာခိုင်နှုန်း (၉၇.၇၆) ရာခိုင်နှုန်းတို့က အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအား မြို့နယ်ပညာရေးမှူး၊ ကြီးကြပ်ရေးမှူးနှင့် ဆရာ/ မများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များက ကျောင်းသား/ သူများ စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် လိုအပ်သည်များကို အကူအညီပေးဆောင်ရွက်ပေးခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ ကျောင်းသူ (၃၉၃) ဦးတို့အား အာဟာရဖြည့် အချိုရည်များဝေငှပေးခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)