ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဆိပ်ဖြူ မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက အနောက်ပိုင်းရပ်ကွက် အနော်ရထာလမ်းမကြီးနှင့် ရတနာလမ်းတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေအသိပေးခဲ့ကြောင်း သိရှိရသည်။

ကိုဇွဲ(အညာမြေ)