ကော့ကရိတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို

ကေ့ာကရိတ်  မတ် ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ကျောင်းသူ၊ကျောင်းသား (၃၅၃)ဦး ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင်  ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ နဘူးအ.ထ.က  စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆို(၃၄၉)ဦး၊ ကျောင်းပြင်ပအလွတ်ဖြေဆိုသူ(၄)ဦးရှိကာ ဝင်ရောက်ဖြေဆိုသူကျောင်းသား/သူ (၃၅၃)ဦးရှိပြီး ရာခိုင်နှုန်း အားဖြင့်  (၇၅.၆၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇာခြည်ဝင်း(ပြန်/ဆက်)