ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာကို ကျောင်းသား/သူများ ဖြေဆို

ကျွန်းစု မတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာကို ယနေ့နံနက်ပိုင်းက အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ အတွင်းဖြေကျောင်းသား (၉၈)ဦး၊ ကျောင်းသူ (၁၄၈)ဦးနှင့် ပြင်ပမှဖြေဆိုရန် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၂၃)ဦး၊ စုစုပေါင်း(၂၇၄)ဦးရှိရာ အင်္ဂလိပ်စာဘာသာတွင် ကျောင်းသား(၉၂)ဦး၊ ကျောင်းသူ(၁၆၆)ဦး၊ စုစုပေါင်း(၂၅၈)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၉၄.၁၆%)ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၁၁)ဦး၊ ကျောင်းသူ(၅)ဦး၊ စုစုပေါင်း (၁၆)ဦး၊ ပျက်ကွက်မှု ရာခိုင်နှုန်း (၅.၈၄%)ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)