ကရသူရိမြို့မှ ကျောင်းသား/သူ(၁၂)ဦး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဘုတ်ပြင်း (အ.ထ.က)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆို

ကရသူရိ  မတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၁၂)ဦးသည်၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဘုတ်ပြင်း(အ.ထ.က) စာစစ်ဌာနတွင် ယမန်နေ့မှ စ၍ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား/သူ(၁၃)ဦးရှိရာ၊ (၁)ဦးပျက်ကွက်ခဲ့သဖြင့် ကျောင်းသား/သူ(၁၂)ဦးက ယမန်နေ့ မတ်လ(၁၁)ရက်နေ့တွင် မြန်မာစာဘာသာရပ်ကို ဖြေဆိုပြီးစီးခဲ့ပြီး ယနေ့တွင် အင်္ဂလိပ်ဘာသာရပ်ကိုဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းသား/သူများ အောင်မြင်စွာဖြေဆိုနိုင်ရေး ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာများ၊ ကျောင်းသားမိဘများနှင့်   သက်ဆိုင် ရာအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)