ခမောက်ကြီး မတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်ဘာသာကို ယနေ့နံနက်ပိုင်းမှ အ.ထ.က ခမောက်ကြီး ကျောင်းစာစစ်ဌာနတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အ.ထ.က ခမောက်ကြီး စာစစ်ဌာနတွင် အင်္ဂလိပ်စာဘာသာရပ်ကို အ.ထ.က ခမောက်ကြီးကျောင်းမှ ကျောင်းတွင်းစာရင်းရှိ(၃၀)ဦးတွင် ဖြေဆိုသူ(၂၈)ဦး၊ အ.ထ.က မလိဝမ်းကျောင်းမှစာရင်းရှိ(၂)ဦးတွင် ဖြေဆိုသူ(၂)ဦးရှိရာ စုစုပေါင်းဖြေဆိုသူ(၃၀)ဦးနှင့် ပျက်ကွက်(၂) ဦးရှိပြီးခမောက်ကြီးစာစစ်ဌာနအနေဖြင့် ၉၃ ဒသမ ၇၅၀၀ ရာခိုင်နှုန်းဖြေဆိုပြီး ၆ ဒသမ၂၅၀၀ ရာခိုင်နှုန်း ပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများမှ အပြင်စည်း၊ အတွင်းစည်း ကြီးကြပ်ဆောင်ရွက်၍ မြို့အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဆရာမများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မြို့မိ၊ မြို့ဖများက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)