ဘုတလင်မြို့နယ်တွင် တရုတ်နိုင်ငံနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ပြန်လာသူ များအား နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများ ရယူ

ဘုတလင်   နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာတွင် ဖွင့်လှစ်ထားသော Quarantine Centre များရှိ တရုတ်နိုင်ငံနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ပြန်လာ သူများအား နိုဝင်ဘာလ ၄ ရက်၊ မနက်ပိုင်းက နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများ ရယူ၍ မန္တလေးမြို့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပေးပို့ခဲ့ကြောင်း မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော် အောင်ထံမှ သိရသည်။

နှာခေါင်းနှင့် အာခေါင်တို့ဖတ် ရယူရာတွင် တရုတ်နိုင်ငံမှ ပြန်လာသူ ၆ ဦးအပါအဝင် မြဝတီခန်းမမှ ၂၈ ဦးနှင့် ကျေးရွာ ၆ ရွာရှိ Quarantine Centre များမှ ရန်ကုန်နှင့် မန္တလေးမြို့မှ ပြန်လာသူ ၁၂ ဦး၊ စုစုပေါင်း ၄၀ ဦးကို ဓာတ်ခွဲနမူနာ ရယူခဲ့ကြောင်း၊ နှာခေါင်းနှင့် အာခေါင်တို့ဖတ် ရယူရာတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လာသူများ၊ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ဦးစားပေးအစီ အစဉ်ဖြင့် ရယူလျက်ရှိကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဖြိုးကျော်အောင် က ပြောသည်။

ဘုတလင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် Quarantine Centre ၅၉ ခု ဖွင့်လှစ် ထားရှိပြီး ပြည်ပနိုင်ငံများနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ပြန်လာသူ ၂၁၄ ဦးကို ထားရှိကြောင်း  သိရသည်။

ဖိုးခါး(ပြန်/ဆက်)