ကာလိ မတ် ၁၂
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများအနေဖြင့် ရှာဖွေစမ်းသပ်စစ်ဆေးမှုများနှင့် ကုသမှု များကို မိမိတို့ဒေသ၌ ခံယူနိုင်ခြင်းဖြင့် ရောဂါများစောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိကာ ကျန်းမာစွာ အသက်ရှည်နေထိုင်နိုင်ရန်အတွက်လည်ကောင်း၊ ဆေးကုသမှုအတွက် ကုန်ကျစရိတ်သက်သာခြင်းကြောင့် လူမှုဘဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန်အတွက်လည်ကောင်း၊ တီဘီရောဂါရှာဖွေရေး၊ ကုသရေးလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့ အမှတ် (၁) ရပ်ကွက်၊ နမ့်ခုံးပရဟိတခန်းမ၌ ကွင်းဆင်းဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။
ထို့သို့ကွင်ဆင်းဆောင်ရွက်ရာတွင် တောင်ကြီးမြို့၊ ပြည်နယ်တီဘီရောဂါတိုက်ဖျတ်ရေးဌာနမှ ဒေါက်တာစိုင်းသန်းထိုက်အောင် ဦးဆောင်၍ တီဘီသံသယလူနာများ၊ ရှာဖွေဖော်ထုတ်ခြင်း၊ သလိပ်စစ်ဆေးခြင်းနှင့် Digital Portable X-ray ဖြင့် ရင်ခေါင်းဓာတ်မှန်ရိုက်၍ တီဘီလူနာရှာဖွေကုသခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)