တောင်ငူမြို့၌ ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို

တောင်ငူ မတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုဖြစ်သည့် အ.ထ.က(၂)၊ အ.ထ.က(၄)၊ အ.ထ.က(၄ မိုင်)နှင့် အ.ထ.က(နတ်စင်ကုန်း)တို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က ဖြေဆိုလျက်ရှိသည်။

၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် တောင်ငူမြို့နယ်၌ စာစစ်ဌာန(၄)ခုရှိပြီး အဆိုပါစာစစ်ဌာနများဖြစ်သည့် အ.ထ.က(၂)၊ အ.ထ.က(၄)၊ အ.ထ.က(၄ မိုင်)နှင့် အ.ထ.က(နတ်စင်ကုန်း)တို့တွင်  တောင်ငူမြို့နယ်အခြေခံပညာကျောင်းများ၊  ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုသူ စာရင်းရှိ ကျား(၃၅၉)ဦး၊ မ(၅၃၈)ဦး၊ စုစု​ပေါင်း(၈၉၇)ဦးရှိကာ ယနေ့အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုသူ ကျား(၃၄၂)ဦး၊ မ(၅၁၀)ဦး၊ စုစုပေါင်း(၈၅၂)ဦး၊ ပျက်ကွက် ကျား(၁၇)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်းပျက်ကွက် (၄၅)ဦး၊ ဝင်ရောက်ဖြေဆိုမှု ရာခိုင်နှုန်း (၉၄.၉၈% ) ရှိသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မတ်လ ၁၁ ရက်နေ့တွင် မြန်မာစာ၊ ၁၂ ရက်နေ့တွင် အင်္ဂလိပ်စာ၊  ၁၃ ရက်နေ့တွင် သင်္ချာ၊ ၁၄ ရက်နေ့တွင် ဓာတုဗေဒနှင့်ပထဝီဝင်၊ ၁၅ ရက်နေ့တွင် ရူပဗေဒနှင့် သမိုင်း၊ ၁၆ ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၁၈ ရက်နေ့တွင် လူမှုရေးသိပ္ပံနှင့် ၁၉ ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်တို့ကို နံနက်(၉)နာရီအချိန်မှ (၁၂)နာရီအချိန်ထိ ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ကိုကို(တောင်ငူ)