ရွှေကျင် မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အ-ထ-က(ရွှေကျင်)စာစစ်ဌာနတွင် ကျင်းပလျက်ရှိသည်။
ရွှေကျင်မြို့နယ် အ-ထ-က(ရွှေကျင်)စာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထားသော ကျောင်းသား/ကျောင်းသူ(၃၆၉)ဦးအနက် မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူ(၃၄၇)ဦးဖြေဆိုခဲ့ပြီး ယနေ့ဖြေဆိုသော အင်္ဂလိပ်စာဘာသာရပ်တွင် ပျက်ကွက်သူမရှိဘဲ ကျောင်းသား၊ ကျောင်းသူ (၃၄၇)ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)