ဒိုက်ဦး မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့ တွင် အင်္ဂလိပ်စာဘာသာရပ်ကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၂၅၂ )ဦး ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ဒိုက်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူကျား(၉၁)ဦး မ(၁၃၉)ဦး စုစုပေါင်း (၂၃၀)ဦး၊ ပြင်ပဖြေဆိုသူ ကျား(၃)ဦး၊ မ(၁၉)ဦး စုစုပေါင်း (၂၅၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအား မြို့နယ်ပညာရေးမှူး၊ ကြီးကြပ်ရေးမှူးနှင့် ဆရာ/မများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များက ကျောင်းသား/သူများ စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် လိုအပ်သည်များကို အကူအညီပေးကာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)