ပဲခူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/သူ ၁၁၂၁ ဦး ဖြေဆို

ပဲခူး မတ် ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့၊ အင်္ဂလိပ်စာဘာသာရပ်ကို ပဲခူးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခု၌ ကျောင်းသား/သူ ၁၁၂၁ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန(၃)ခုရှိပြီး အ.ထ.က(၁)ပဲခူးစာစစ်ဌာနတွင် ဖြေဆိုသူ ၆၄၆ ဦး၊ ပျက်ကွက်သူ ၁၅ ဦး၊ အ.ထ.က(ဘုရားကြီး)စာစစ်ဌာနတွင် ဖြေဆိုသူ ၂၈၈ ဦး၊ ပျက်ကွက်သူ ၂ ဦး၊ အ.ထ.က(အင်းတကော်)စာစစ်ဌာန၌ ဖြေဆိုသူ ၁၈၇ ဦး၊ ပျက်ကွက်သူ ၁၂ ဦး စုစုပေါင်းဖြေဆိုရန် စာရင်းသွင်းထားသူ  ၁၁၅၁ ဦးရှိသည့်အနက် ၁၁၂၁ ဦး လာရောက်ဖြေဆိုကြပြီး ရာခိုင်နှုန်းအားဖြင့် ၉၇.၃၉% ရှိကြောင်းသိရှိရပြီး ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီဆောင်ရွက်ပေး‌လျက်ရှိကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)