နာဂကိုယ်ပိုင်အပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် မဲရုံ(၈၂)ရုံတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများဖြန့်ဝေ

နန်းယွန်း နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ မဲရုံ(၈၂)ရုံများ အတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ  ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်း(၇)မျိုးဖြစ်သည့် KN-95 (၂၇၀၉၂)ခု၊ Exam Glove(၄၉၂၀)ခု၊ Face Shield (၄၁၀)ခု၊ Coverall( PPE-3) (၄၁၀)ခု၊ Surgical Glove (PPE-3) (၄၁၀)ခု၊ Protective Mask(PPE-3) (၄၁၀)ခု၊ Boot(PPE-3)(၄၁၀)ခုတို့ကို  မြို့နယ်အတွင်းရှိ  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများအား ယနေ့နံ ၉ နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံးခန်း၌ တာဝန်ရှိသူတို့က  ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နန်းယွန်းမြို့နယ်တွင် ရပ်ကွက်(၉)ခု၊ ကျေးရွာအုပ်စု(၅၆)အုပ်စု ရှိပြီး မဲရုံပေါင်း(၈၂)ရုံနှင့် မဲဆန္ဒရှင်(၃၁၇၄၄) ဦး ရှိကြောင်း သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)