စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ အမျိုးသားဆံသသင်တန်းနှင့် အမျိုးသမီးအလှပြင်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ  မတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်အမျိုးသား ဆံသသင်တန်းနှင့် အမျိုးသမီးအလှပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်း တွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ တွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ နည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး လူငယ် ရေးရာကော်မတီမှလူငယ်များအလုပ်အကိုင် ရရှိစေရေးအတွက် လေ့ကျင့်ပြုစုမွေးထုတ်ရေး စီမံကိန်းအရ လုပ်ငန်းခွင်ချိတ်ဆက် ဆောင်ရွက်နိုင်ရန်အတွက် ယခုသင်တန်း(၂)ခုအား ဖွင့်လှစ် ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူ များအတွက် သင်တန်းတက်ရောက်ပြီးဆုံး၍ မိမိတို့၏နေရပ်ဒေသများတွင် သင်တန်းမှသင် ကြားပေးလိုက်သည့် ပညာရပ်များအား လက်တွေ့အသုံးချနိုင်ရေးအတွက် အမျိုးသားဆံသ အသုံးပြုပစ္စည်း (၈၀၀၀ဝိ/-)တန်ဖိုးဝန်းကျင်ရှိ(Set Box)တစ်လုံးစီနှင့် အမျိုးသမီးအလှပြင်လုပ် ငန်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းမှုများ အသုံးချလုပ်ကိုင်နိုင်စေဖို့အတွက် အမျိုးသမီးပွဲထိုင် မိတ်ကပ်အသုံးပြုပစ္စည်း (၁၂၀၀၀ဝိ/-) တန်ဖိုးဝန်းကျင်ရှိ (Makeup Box) တစ်လုံးစီအား ထောက် ပံ့ပေးအပ်ပေး လိုက်မှာဖြစ်ပါကြောင်း၊

သင်တန်းသား/သူများအနေဖြင့် သင်တန်းမှပို့ချပေးမည့် နည်းပညာရပ်များအား စာတွေ့၊ လက်တွေ့ လုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သားကြရန် သင်တန်း မှချမှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများကိုလည်း အပြည့်အဝလိုက်နာကြရန်နှင့် ရက်တိုကာ လသင်တန်းဖြစ်သည့်အတွက် သင်တန်းပျက်ရက်မရှိအောင် တက်ရောက်ပေးသွားကြရန် မှာ ကြားလိုပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ လုပ်ငန်းတာဝန်များအား အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာ/ဆရာမများထံ ဂုဏ်ပြုဆုငွေများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက်စားစရိတ် ငွေကျပ် - ၂၆ သိန်း အားထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်က သင်တန်းသား၊သင်တန်း သူများထံ သင်တန်းအထောက်အကူပြုပစ္စည်းများအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ရှင်းလင်းတင်ပြပြီး သင်တန်းသား၊သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားဆံသသင်တန်းနှင့် အမျိုးသမီးအလှပြင်သင်တန်းများတွင် အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများခင်း ကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ 

အဆိုပါ အမျိုးသားဆံသသင်တန်းနှင့် အမျိုးသမီးအလှပြင်သင်တန်းများအား မတ်လ ၁၁ ရက်မှ ၂၂ ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အမျိုးသားဆံသ သင်တန်း တွင် သင်တန်းသား(၃၂)ဦးနှင့် အမျိုးသမီးအလှပြင်သင်တန်းတွင် သင်တန်းသူ(၃၂)ဦး တက် ရောက် သွားမည်ဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အမှတ်  (၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (အလုံ) တို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာ ဘာသာဖြေဆိုနေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးထားမှုများ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆေင်ရွက်ပေးခဲ့ကြောင်း သိရသည်။     

တိုင်းဒေသကြီး(ပြန်/ဆက်)