ဖလမ်း မတ် ၁၁
ချင်းပြည်နယ်၊ဖလမ်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်၊ နံနက် ၉ နာရီအချိန်ကသူနာပြုသင်တန်းကျောင်း စာစစ်ဌာန၌ စတင်ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။ စာမေးပွဲဖြေဆိုရန်လာရာက်ကြသည့် ကျောင်းသားကျောင်းသူများအားဖလမ်း ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီးဝင်းဇော်လတ်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ က နံနက် ၀၈၀၀ နာရီမှစ၍ နွေးထွေးစွာကြိုဆို အားပေးစကားပြောကြားခဲ့ကြသည်။
ဖလမ်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို သူနာပြုသင်တန်းကျောင်း စာစစ် ဌာနတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိရာ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင် များကကျောင်းသား ကျောင်းသူများစိတ်အေး ချမ်းလုံခြုံ စွာစာမေးပွဲဖြေဆို နိုင်ရေး အတွက် အပြင်စည်း လုံခြုံရေးစနစ်တကျ စောင့်ကြပ်ဆောင်ရွက် ပေးနေမှုနှင့်လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဖလမ်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေး ပွဲဖြေဆိုမည့် G-12 ကျောင်းသား ကျောင်းသူစုစုပေါင်း (၉၂)ဦးရှိ ကြောင်း သိရသည်။
ရဲမြင့်အောင်