ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်စတင်ဖြေဆို

ပုသိမ်  မတ်  ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် ကျိုက်လတ်မြို့နယ်တွင် ဖြေဆိုသူ ကျား (၂၁၃) ဦး၊ မ(၃၆၈)ဦး စုစုပေါင်း (၅၈၁)ဦးဝင်ရောက်ဖြေဆိုသဖြင့် ဖြေဆိုသည့် ရာခိုင်နှုန်း (၉၆.၅၁) ရာခိုင်နှုန်း၊ ငရုတ်ကောင်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၉)ဦးရှိပြီး (၇၈.၃၈) ရာခိုင်နှုန်း၊ ကျုံပျော်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၄၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကာ (၃၇) ဦးပျက်ကွက်ခဲ့ပြီး စုစုပေါင်း ဖြေဆိုရာခိုင်နှုန်း (၉၄.၅) ရာခိုင်နှုန်း၊ အိမ်မဲမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၇၁၉) ဦးဖြင့် ဖြေဆိုမှု (၉၆) ရာခိုင်နှုန်း၊ ပန်းတနော်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၄၃) ဦး၊ ဝါးခယ်မမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၁၅၃) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၉)ရာခိုင်နှုန်း၊ ဖျာပုံမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၆၂၇)ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၂)ရာခိုင်နှုန်း၊ ဇလွန်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၉၅) ဦး ဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၉) ရာခိုင်နှုန်း၊ ကြံခင်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၆၂)ဦး ဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ(၉၅.၆) ရာခိုင်နှုန်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ဖြေဆိုသူဦးရေ စုစုပေါင်း (၇၀၁) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၅) ရာခိုင်နှုန်း၊ ချောင်းသာမြို့တွင် ဖြေဆိုသူစုစုပေါင်း (၄၈) ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၀.၅) ရာခိုင်နှုန်း၊ ဓနုဖြူမြို့နယ်တွင် ကျောင်းသား (၂၂၇)ဦး၊ ကျောင်းသူ(၂၉၅)ဦး၊  စုစုပေါင်း(၅၅၂)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုသူရာခိုင်နှုန်း(၉၄.၃၉)ရာခိုင် နှုန်း၊ အမာမြို့တွင် ဖြေဆိုသူစုစုပေါင်း (၅၆)ဦးဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၀.၃) ရာခိုင်နှုန်း၊  ဟင်္သာတမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၃၆၀) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၃၇) ရာခိုင်နှုန်း၊ ဟိုင်းကြီးကျွန်းမြို့တွင် ဖြေဆိုသူစုစုပေါင်း (၁၄၅)ဦးဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက် (၃)ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း(၉၅.၉) ရာခိုင်နှုန်း၊ ငွေဆောင်မြို့တွင် ဖြေဆိုသူ (၇၄) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၈၉.၇) ရာခိုင်နှုန်း၊ ငပုတောမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၀၀၉) ဦး ဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၈) ရာခိုင်နှုန်း၊ လေးမျက်နှာမြို့တွင် ဖြေဆိုသူစုစုပေါင်း (၉၆)ဦး ရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၇) ရာခိုင်နှုန်း၊ မြန်အောင်မြို့နယ်တွင် ဖြေဆိုသူဦးရေ စုစုပေါင်း (၄၄၂) ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၈၆) ရာခိုင်နှုန်း၊ မော်လမြိုင်ကျွန်းမြို့တွင် ဖြေဆိုသူစုစုပေါင်း (၇၀၅) ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၇) ရာခိုင်နှုန်း၊ မအူပင်မြို့တွင် စုစုပေါင်းဖြေဆိုသူ (၁၀၀၀)ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၄) ရာခိုင်နှုန်း၊ ကျောင်းကုန်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၇၉၀)ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၇) ရာခိုင်နှုန်း၊ ဘိုကလေးမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၇၈၈)ဦး ဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၇)ရာခိုင်နှုန်း၊ ရေကြည်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၄၈)ဦး၊ ဒေးဒရဲမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၄၂)ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၈.၆) ရာခိုင်နှုန်းနှင့် မြောင်းမြမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၉၈၉)ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၅)ရာခိုင်နှုန်းဖြင့်အသီးသီးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးများမှ သိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့် ကြပ်ကြည့်ရှု ပေးလျက်ရှိကာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။