ခမောက်ကြီး မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းက အထက ခမောက်ကြီးကျောင်း စာစစ်ဌာနတွင် (Grade-12) ကျောင်းသား/ကျောင်းသူများက မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အထက ခမောက်ကြီး စာစစ်ဌာနတွင် ယနေ့မြန်မာစာဘာသာရပ်ကို အထက ခမောက်ကြီးကျောင်းမှ ကျောင်းတွင်း စာရင်းရှိ (၃၀)ဦးတွင် ဖြေဆိုသူ(၂၈)ဦး၊ အထက မလိဝမ်းကျောင်းမှ စာရင်းရှိ (၂)ဦးတွင် ဖြေဆိုသူ (၂) ဦးရှိရာ စုစုပေါင်းဖြေဆိုသူ (၃၀) ဦးနှင့် ပျက်ကွက် (၂) ဦး ရှိပြီး ခမောက်ကြီး စာစစ်ဌာနအနေဖြင့် ၉၃ ဒသမ ၇၅၀၀ ရာခိုင်နှုန်း ဖြေဆိုပြီး ၆ ဒသမ ၂၅၀၀ ရာခိုင်နှုန်း ပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲ ဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဆရာမများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မြို့မိမြို့ဖများက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)