ပဲခူး မတ် ၁၁
ယနေ့စတင်ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ (မြန်မာစာဘာသာရပ်)ကို ပဲခူးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခု၌ ကျောင်းသား/သူ ၁၁၂၃ ဦး အေးချမ်းစွာ ဖြေဆိုကြကြောင်း သိရသည်။
ပဲခူးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန (၃) ခုရှိပြီး အ.ထ.က(၁)-ပဲခူးစာစစ်ဌာနတွင် ဖြေဆိုသူ ၆၄၈ ဦး၊ ပျက်ကွက် ၁၃ ဦး၊ အ.ထ.က-ဘုရားကြီးစာစစ်ဌာနတွင် ဖြေဆိုသူ ၂၈၈ ဦး၊ ပျက်ကွက်သူ ၃ ဦး၊ အ.ထ.က-အင်းတကော်စာစစ်ဌာန၌ ဖြေဆိုသူ ၁၈၇ ဦး၊ ပျက်ကွက်သူ ၁၂ ဦး၊ စုစုပေါင်းဖြေဆိုရန် စာရင်းသွင်းထားသူ ၁၁၅၁ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၁၁၂၃ ဦး၊ ပျက်ကွက်သူ ၂၈ ဦးရှိကြောင်းသိရပြီး ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)