ကျောက်တလုံးကြီးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ကျောက်တလုံးကြီး မတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (မြန်မာစာ) ဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှ စတင်၍ အ.ထ.က ကျောက်တလုံးကြီးစာစစ်ဌာနတွင် စတင်ဖြေဆိုကြ​သည်။

ကျောက်တလုံးကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုမှုအနေဖြင့် အ.ထ.က ကျောက်တလုံးကြီး၊ အ.ထ.က(ခွဲ) နောင်ခဲ၊ ဆောင်းဖိုး၊ ပင်တွန်ကျောင်းများမှ စာရင်းပေးသွင်းထားသူ (၆၁) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၆၁) ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၁၀၀) ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ (မြန်မာစာ) ဘာသာရပ်ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း