ကြို့ပင်ကောက်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ စတင်ဖြေဆို

ကြို့ပင်ကောက် မတ် ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ အေးချမ်းစွာဖြေဆိုနေကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကြို့ပင်ကောက်မြို့တွင် စာစစ်ဌာန ၄ ခုဖြင့် အတွင်းဖြေကျောင်းသား(၃၇၂)ဦး၊ အပြင်ဖြေကျောင်းသား (၉) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၈၁) ဦးဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်ထားပြီး ယနေ့ မြန်မာစာဘာသာရပ်ကို အတွင်းဖြေ (၃၆၁) ဦးနှင့် အပြင်ဖြေ(၉)ဦး စုစုပေါင်း (၃၇၀) ဦး ဝင်ရောက်ဖြေဆိုကြရာ (၁၁) ဦး စာဖြေပျက်ကွက်ခဲ့ရာ ၉၇ ဒသမ ၁၀ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ပညာရေးဝန်ထမ်းများ၊ ဌာဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့မိမြို့ဖများကတာဝန်ယူ ဆောင်ရွက်ပေးနေပြီး မြို့နယ်အတွင်း စာစစ်ဌာန ၄ ခုအပြင် အရန်စာစစ်ဌာနအဖြစ် အ.ထ.က (ဘုရင့်နောင်) စာစစ်ဌာန၊ ဗောဓိရုက္ခ အလယ်တန်းကျောင်း စာစစ်ဌာနနှင့် ကျန်းမာရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံစာစစ်ဌာနတို့ကိုလည်း အဆင်သင့်ဖြေဆိုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဇေယျာထွန်း