ရွှေတောင် မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ လိုက်လံစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်ရန်အတွက် ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးဆောင်များနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က (ရွှေတောင်)၊ အ.ထ.က (ကြာနီကန်)၊ အ.ထ.က (ကျီးသဲ)၊ အ.ထ.က (တရုတ်မှော်) စတဲ့ စာစစ်ဌာန ၄ ခုတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ စာမေးပွဲကိုကျောင်းသား (၁၆၁)ဦး၊ကျောင်းသူ (၂၂၄) ဦး၊ စုစုပေါင်း (၃၈၅) ဦး ဖြေဆိုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/ မြိုနယ်ပညာရေးမှူးများ၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)