ထားဝယ် မတ် ၁၁
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သတ်မှတ်စာစစ်ဌာနများ၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများမြန်မာစာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ ကျောင်းသားမိဘများ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးသားချင်းများက ကျောင်းအဝင်ဝတွင် လာရောက်ကြိုဆိုလျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဖြေဆိုသူ ကျောင်းသား(၁၀၄)ဦး၊ ကျောင်းသူ(၂၀၉)ဦး စုစုပေါင်း(၃၁၃)ဦး၊ ဖြေဆိုမှု (၉၃.၁၅)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါစာစစ်ဌာနများ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် မိဘများ၏ လုံခြုံရေးအတွက်သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)