ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများအား ဗလာစာအုပ် တစ်ဒါဇင် အခမဲ့ထုတ်ပေး

ဆင်ပေါင်ဝဲ မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ပညာသင်ကြားနိုင်စေရန်အတွက် ဗလာစာအုပ် တစ်ဒါဇင်ကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းသား၊ ကျောင်းသူများ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အခက်အခဲမရှိ ကျောင်းအပ်နှံပညာ သင်ကြားနိုင်စေရန်အတွက် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းအသီးသီးတို့ရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ပညာသင်ကြားနိုင်ကြစေရန် ရည်ရွယ်၍ အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ထုတ်ပေးလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်တစ်ဒါဇင်အား မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်အခြေခံပညာကျောင်းများနှင့် ကျေးရွာအုပ်စုများရှိ ကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ၏ အောင်ချက်နှုန်းများဖြင့် စည်းကမ်းတကျ စာရင်းများ ပြုစု၍ အခမဲ့ထုတ်ဝေပေးလျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)