အုတ်ဖိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၂၇၃) ဦး ဝင်ရောက်ဖြေဆိုမည်

အုတ်ဖို မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၂၇၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အုတ်ဖိုမြို့နယ်မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် STEAMS-1(မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ)

ဘာသာတွဲ၌ (၆၁) ဦး၊ STEAMS- 2 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂ) ဘာသာတွဲ၌ (၁၉၇) ဦး၊ STAMS-1(မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂ) ဘာသာတွဲ၌ (၁၅) ဦးဖြစ်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ကျား (၁၁၄) ဦး၊ မ (၁၅၉) ဦး ပေါင်း (၂၇၃) ဦးရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုကျင်းပရန် စာစစ်ဌာနသုံးခုစီစဥ်ထားရှိကြောင်းနှင့် အဆိုပါစာစစ်ဌာနများမှာ အ.ထ.က အုတ်ဖို၊ အ.ထ.က အိုးသည်ကုန်းနှင့် အ.ထ.က အေးမြသာယာ စာစစ်ဌာနတို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်သူ (ပြန်/ဆက်)