ရေဖြူမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်  နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းနှင့် အခြေခံပန်းချီသင်တန်းဖွင့်ပွဲ ပြုလုပ်

ရေဖြူ မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးငယ်များ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ပညာဗဟုသုတရှိစေရန် ရည်ရွယ်၍ ယ‌နေ့ နံနက် ၈ နာရီက အခြေခံ အင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲ သင်တန်း ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် အ-ထ-က ရေဖြူမှအလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူ (၃၀)ဦး တက်ရောက်ကြပြီး ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံ အင်္ဂလိပ်စာသင်တန်းကာလမှာ မတ်လ(၁၁)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ တနင်္ဂနွေနေ့ မပါဘဲ နံနက် ၈ နာရီမှ ၉ နာရီခွဲထိလည်းကောင်း၊  အခြေခံပန်းချီရေးဆွဲခြင်း သင်တန်းကို မတ်လ (၃၁) ရက်နေ့အထိလည်းကောင်း ပို့ချပေးသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာ  တက်ရောက်သင်ယူမှုရှိကြောင်း သိရသည်။

ခတ္တာ