၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အ.ထ.က-ဘုတ်ပြင်းစာစစ်ဌာနတွင် စတင်ဖြေဆို

ဘုတ်ပြင်း  မတ်   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းမှအ.ထ.ကဘုတ်ပြင်း စာစစ်ဌာနတွင် ကျောင်းသား၊ကျောင်းသူများ မြန်မာစာဘာသာကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း စာစစ်ဌာန(၁)ခုထားရှိရာ အ.ထ.က ဘုတ်ပြင်းစာစစ်ဌာနတွင် စာရင်းရှိဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၆၆ ဦးရှိရာ ယနေ့မြန်မာစာ ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၁၅၄  ဦး(၉၂ ဒသမ  ၇၇  ရာခိုင်နှုန်း) ဖြေဆိုကြပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၂ ဦး(၇  ဒသမ ၂၃ ရာခိုင်နှုန်း) ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူများစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးကိုအတွက် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)