ပုလောမြို့နယ်၌ Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်း လုပ်ငန်းကို နယ်လှည့် ကွင်းဆင်းဆောင်ရွက်

ပုလော  မတ်  ၁၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နိုင်ငံသားတစ်ဦးချင်းစီ၏ (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့ အမှတ် (၁) အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ(Biometric Data) များကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုလောမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းဇာကျော်နှင့် ဝန်ထမ်းများက  ပြည်သူများအား အစီအစဉ်အတိုင်းကောက်ယူကြပြီး ဂဏန်း(၁၀)လုံးပါသည့် Unique ID  နံပါတ် စာရွက်ကို ချက်ခြင်းထုတ်ပေးခဲ့ကြောင်း သိရသည်။

လူတစ်ဦးချင်းစီ၏ (Biometric Data) ဖြည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် Enrollment  Application Form(ပုံစံ-၁)ဖြင့် မျက်လုံး၊ မျက်နှာ၊လက်ဗွေကို Screen ဖတ်ပြီး၊ အချက်အလက်များကို Enrollment Device ဖြင့် Server  ထဲထည့်၍ (Biometric Data)များ စာရင်း ကောက်ယူဆောင်ရွက်ပြီးစီးသည့် တစ်ဦးချင်းစီအားQR Code ပါပြီး ကဏန်း(၁၀)လုံးပါ Unique ID  နံပါတ် စာရွက်ကို ပြန်လည်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)