ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း ( Grade -12) စာမေးပွဲ စတင်ဖြေဆို

ပုလော  မတ်   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောအခြေခံပညာ(အ.ထ.က-၁)ကျောင်း စာစစ်ဌာန၌ ၂၀၂၄ ပညာသင်နှစ် ( Grade -12) အတွက် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများက ယနေ့နံနက် ၉ နာရီမှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြစ် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်း ၂၀၂၄ ပညာသင်နှစ်အတွက် အ.ထ.က-၁ ပုလောစာစစ်ဌာနတွင် အ.ထ.က(၁)ပုလော၊ အ.ထ.က(၂) ပုလော၊ အ.ထ.က(ရှပ်ပုံ)၊ အ.ထ.က(ပလ)၊ အ.ထ.က (ပလောက်)၊ အ.ထ.က (မလိကျွန်း)၊ အ.ထ.က(ခွဲ)ကျောက္ကာ၊ အ.ထ.က(ခွဲ)ကျောက်တောင် စသည့်ကျောင်းများမှ စာရင်းရှိ  ၁၅၉ ဦးတွင် ဝင်ရောက်ဖြေဆိုသူ ၁၄၈ ဦးရှိကြောင်း၊ အလွတ်ဖြေ စာရင်းရှိ ၁၅ ဦးတွင် ၁၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း(Grade -12 )စာမေးပွဲ၌ စုစုပေါင်းစာရင်းရှိ (၁၇၄)ဦး ၌ (၁၆၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား/သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် အမှတ်(၁)စစ်နယ်မြေမှူး၏  လမ်းညွှန်မှုဖြင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် ဆရာ၊ ဆရာမများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့နှင့်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အတွင်းစည်း/အပြင်စည်းများဖြင့် အနီး ကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော် (ပုလော)